COVID-၁၉ ကာလတွင် လုံခြုံဘေးကင်းစွာ စုဝေးနိုင်ရေးအတွက် လမ်းညွှန်ချက်တစ်ခု

Multilingual Resources

ပုံရိပ်

ကာကွယ်ဆေး ထိုးထားသည်ဖြစ်စေ မထိုးထားသည်ဖြစ်စေ သင်၏ မိသားစုနှင့် သူငယ်ချင်းများနှင့် ဤဆောင်းရာသီတွင် စုဝေးဆုံတွေ့ရန် စီစဉ်နေပါက သင်နှင့် သင်ချစ်ခင်သည့်သူများ COVID-၁၉ မှ ကင်းဝေးစေရန် ဘယ်လိုလုပ်မလဲ စဉ်းစားပါ။

ကာကွယ်ဆေးထိုးထားခြင်းသည် သင်နှင့် သင့်အနီးရှိလူများ (အထူးသဖြင့် ကာကွယ်ဆေး ထိုးခွင့်မရသေးသည့်သူများ) အတွက် လုံခြုံဘေးအကင်းဆုံး နည်းလမ်းဖြစ်သည်။ ကာကွယ်ဆေးများသည် ဖျားနာခြင်းနှင့် သေဆုံးခြင်းမှ ထိရောက်စွာ ကာကွယ်ပေးသော်လည်း ကာကွယ်ဆေးထိုးသည်ဖြစ်စေ မထိုးထားသည်ဖြစ်စေ COVID-၁၉ ကူးစက်ပျံ့နှံ့မှုသည် ရှိနေဦးမည်ဖြစ်သည်။ ကာကွယ်ဆေးထိုးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်းနှင့် ဖျားနာသည့်အခါ အိမ်၌ နေထိုင်ခြင်းတို့သည် အခြားသူများအား ကာကွယ်ပေးနိုင်သည့် အဆင့်များဖြစ်သည်။

အများပြည်သူဆိုင်ရာ နေရာများတွင် စုဝေးခြင်း

ယေဘုယျအားဖြင့် အများပြည်သူဆိုင်ရာ နေရာများတွင် စုဝေးပါက-

  • ကာကွယ်ဆေးထိုးထားခြင်းသည် COVID-၁၉ ကြောင့် အလွန် ဖျားနာခြင်း၊ ဆေးရုံတင်ရခြင်း နှင့် သေဆုံးခြင်း တို့မှ သင့်ကို အကောင်းဆုံး ကာကွယ်ပေးနိုင်သည်။
  • နှာခေါင်းစည်းတပ်ဆင်ပါ။ ကာကွယ်ဆေးထိုးထားသည် ဖြစ်စေ မထိုးသည်ဖြစ်စေ အသက် ၅နှစ်နှင့် အထက် လူများသည် အိမ်တွင်း လူအများနှင့် တွေ့ဆုံသည့်အခါ သို့မဟုတ် လူ အယောက် ၅၀၀ နှင့် အထက် ပြင်ပ ပွဲလမ်းများ (ဥပမာ- ဇာတ်သဘင် သို့မဟုတ် အားကစားပွဲ) သို့ သွားသည့်အခါ နှာခေါင်းစည်း တပ်ဆင်ရန် လိုအပ်သည်။ အသက် ၂နှစ်မှ ၄နှစ် ကလေးများကိုလည်း နှာခေါင်းစည်းတပ်ဆင်ပေးရန် ကျွန်ုပ်တို့ အကြံပြုပါသည်။
  • သင် ဖျားနာသည့်အခါ သို့မဟုတ် လက္ခဏာတခုခု ပြနေသည့်အခါ အိမ်၌နေပါ။
  • ကြိုတင်စီစဉ်ပါ။ အကယ်၍ နှာခေါင်းစည်းများ မတပ်ဆင်ထားသည့် လူများ စုဝေးနေသည့် ဘီယာဆိုင်ကဲ့သို့ နေရာများ၊ သင့်အတွက် သက်သောင့်သက်သာ မရှိဘဲ မလုံခြုံသည့် နေရာများသို့ ရောက်သည့်အခါ အိမ်အမြန်ပြန်ပါ။

 ပုဂ္ဂလိက စုဝေးပွဲများ

လူမှုရေးစုဝေးပွဲတစ်ခုကို သင်မစီစဉ်မီ

  • ဧည့်သည်စာရင်းကို စိစစ်သုံးသပ်ပါ။ မည်သူ့ကို ဖိတ်ခေါ်ထားလဲ စဉ်းစားပါ။ ကာကွယ်ဆေး ထိုးနှံ၍ မရသေးသည့် ကလေးငယ်များ အပါအဝင် COVID-၁၉ ကူးစက်လွယ်နိုင်သည့် လူများ ပါသလား။ သင့် ဧည့်သည်များ ကာကွယ်ဆေး ထိုးပြီး မပြီး သိပါသလား။ မသိခဲ့လျှင် မေးထားရန် အရေးကြီးသည်။ သို့မှသာ အစီအစဉ်ချနိုင်မည်။
  • ကြိုတင် စီစဉ်ပါ။ အကယ်၍ ကာကွယ်ဆေးမထိုးထားသည့် အိမ်ထောင်စုဝင်များ၊ COVID-၁၉ ဖြစ်နိုင်ခြေများသည့်သူ များပြားလျှင် ဘေးအကင်းဆုံး ရွေးချယ်မှုမှာ လက်တွေ့ကျကျ စုဝေးရန်ဖြစ်သည်။ လူချင်းတွေ့ပြီး စုဝေးရန် ဆုံးဖြတ်ထားပါက အတူတူ အချိန်ဖြုန်းသည့်အခါ ဘေးကင်းရေးကို ဦးစားပေးမည်ကို သူငယ်ချင်းများနှင့် မိသားစုများအား ရှင်းလင်းစွာ ပြောပြထားပါ။
  • ဘေးကင်းစွာ ခရီးသွားပါ။ မိသားစု သို့မဟုတ် သူငယ်ချင်းများနှင့် အတူတကွ စုဝေး ခရီးထွက်ရန် စီစဉ်ထားပါက CDC ခရီးသွားလမ်းညွှန်ကို လိုက်နာပါ။ COVID-၁၉ ပြန့်ပွားနှုန်းမြင့်နေသည့် နေရာများသို့ ခရီးသွားပါက သတိထားပါ။ အများပြည်သူကြားတွင် နှာခေါင်းစည်းတပ်ဆင်ရန်၊ ၆ပေ (၂မီတာ) အကွာ နေထိုင်ရန် ပိုမို နိုးကြားသတိထားပါ။
  • အပြင်သို့သွားပါ။ အပြင်ဘက်၌ စုဝေးခြင်းသည် အိမ်တွင်း စုဝေးခြင်းထက် ပို ဘေးကင်းသည်။ အိမ်တွင်း စုဝေးမည်ဆိုပါက လေဝင်လေထွက်ကောင်းသည့် ပြတင်းပေါက်ဖွင့်ထားသည့် နေရာများကို ရွေးချယ်ပါ။
  • အနည်းငယ်သာ။ သင့်အိမ်ထောင်စုဝင်မှအပ လူများနှင့် စုဝေး ဆုံတွေ့ရာတွင် လူနည်းလျှင် ပိုကောင်းသည်။
  • အချိန်တို။ အချိန်တိုသာ ဆုံတွေ့ကြခြင်းသည် COVID-၁၉ ပြန့်ပွားမှု အခွင့်အရေးနည်းသည်။ အချိန်တိုတို ဆုံတွေ့သည့်အခါ လက်နှင့် အပေါ်ယံများအား ပိုးသတ်ဆေးကြောရန် ပိုလွယ်သည်။
  • ကလေးများကို အလေးထားပါ။ ကလေးများသည် ၆ပေ အကွာ နေထိုင်ရန် ခက်ခဲလိမ့်မည်။ ထို့ကြောင့် နှာခေါင်းစည်းတပ်ဆင်ရန်နှင့် လက်ဆေးရန် အရေးကြီးသည်။ သတိပြုရန်- အသက် ၂ နှစ်အောက် ကလေး နှာခေါင်းစည်း လုံးဝ မတပ်ရ။ သင့်မိသားစုထဲတွင် ၂ နှစ်အောက် ကလေး သို့မဟုတ် နှာခေါင်းစည်း မတပ်ဆင်နိုင်သည့်သူ ရှိပါက ကာကွယ်ဆေး မထိုးထားသည့်သူများထံသို့ သွားလာရေး ကန့်သတ်ထားပါ။
  • ကျန်းမာရေးစစ်ဆေးပါ။ ပြီးခဲ့သည့် ၂ ပတ် အတွင်း ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း သို့မဟုတ် အသက်ရှုကြပ်ခြင်း စသည့် လက္ခဏာများ ဖြစ်ခဲ့သလား မေးပါ။ ဧည့်သည်များအား မလာမီ အပူချိန်တိုင်းခဲ့ရန် ပြောပါ။ ဖျားနေသည့်သူ သို့မဟုတ် အခြားလက္ခဏာပြနေသည့်သူ၊ ၂ ပတ် အတွင်း COVID-၁၉ ဖြစ်နေသည့် သူနှင့် ထိတွေ့ထားသူများ အိမ်၌ နေသင့်သည်။
  • စမ်းသပ်ခံပါ။ ကာကွယ်ဆေးထိုးသည်ဖြစ်စေ မထိုးထားသည်ဖြစ်စေ စုဝေးဆုံတွေ့ မတိုင်မီ ၇၂ နာရီ အလို စမ်းသပ်မှု ခံယူထားခြင်းသည် ရောဂါကူးစက်ခံရခြင်း လျော့နည်းနိုင်သည်။ အိမ်တွင်လည်း စမ်းသပ်နိုင်သည်။ နဂစ်တစ် ထွက်နေလျှင်တောင်မှ ဘေးကင်းရေး သတိပေးချက်များအား လိုက်နာရန် လိုအပ်သေးသည်။
  • သင့်ဖုန်းထဲတွင် WA Notify ထည့်သွင်းပါ။ သင် COVID-၁၉နှင့် ထိတွေ့ခဲ့လျှင် ပေါ့စတစ်ဖြစ်နေလျှင် သတိပေးချက် ထမြည်လိမ့်မည်။ WA Notify သည် လုံခြုံမှုရှိသဖြင့် သင်ဘယ်သူလဲ ဘယ်သွားနေလဲ မသိနိုင်ပါ။

ပုဂ္ဂလိက တွေ့ဆုံစုဝေးပွဲတွင်

  • နှာခေါင်းစည်းတပ်ဆင်ပါ။ သင့်အိမ်ထောင်စုဝင်မှအပ အခြားလူများနှင့် အိမ်၌ ဆုံတွေ့သည့်အခါ နှာခေါင်းစည်းများ တပ်ဆင်ရန် လိုအပ်သည်။ နှာခေါင်းစည်းမေ့ကျန်ခဲ့သူများ ရှိပါက ပေးနိုင်ရန် လက်တွင် နှာခေါင်းစည်းအပိုများ ကိုင်ထားပါ။
  • လက်ဆေးပါ။ လက်ဆေးကန် မရှိပါက ပိုးသတ် လက်ဆေးရည် ပေးပါ။
  • အကွာအဝေးကြည့်၍ အနီးကပ်ထိတွေ့မှုကို ကန့်သတ်ပါ။ COVID-၁၉ ကူးစက်နိုင်သည့်သူများ၊ သို့မဟုတ် ကာကွယ်ဆေး မထိုးထားသည့်သူများနှင့် တွေ့ပါက ၆ ပေ အကွာတွင် နေပါ။
  • ပြတင်းပေါက်များဖွင့်ပါ။ လူများစုဝေးမည့်နေရာတွင် လေဝင်လေထွက် ကောင်းစေရန် ပြတင်းပေါက်များ ဖွင့်ထားပါ။
  • သန့်စင်ပါ။ စုဝေးပွဲ မလုပ်မီ၊ လုပ်နေစဉ်နှင့် လုပ်ပြီးတွင် အသုံးပြုထားသည့် မျက်နှာပြင်များအား မကြာခဏ ပိုးသတ်ပါ။

ပုဂ္ဂလိက တွေ့ဆုံစုဝေးခြင်းပြီးနောက်

  • (ထပ်မံ) လက်ဆေးပါ။ ဆပ်ပြာနှင့် ရေကို အသုံးပြု၍ ၂၀ စက္ကန့်ကြာ လက်ဆေးပါ။
  • ပိုးသတ်ပါ။ စားပွဲထိပ်များ၊ ကောင်တာများ၊ တံခါးလက်ကိုင်များနှင့် ရေချိုးခန်းရှိ တပ်ဆင်ထားသည်များ အစရှိသည့် ဧည့်သည် ထိတွေ့နိုင်သည့် နေရာများအား ရေနှင့် ဆပ်ပြာ အရင် ဆေးကြော၍ ပိုးသတ်ဆေးဖြန်းပါ။
  • လက္ခဏာများအား လေ့လာပါ။ လက္ခဏာတခုခု သင့်မှာ ပြနေပါက စမ်းသပ်မှု ခံယူပါ။ စုဝေးပွဲတွင် တစ်စုံတစ်ဦး ပေါ့စတစ်ထွက်နေပါက အခြားသူများအား သတိပေးပါ။ သင် ထိတွေ့မှု ရှိခဲ့လျှင် ဘာလုပ်ရမည်ကို ပိုမိုလေ့လာ သင်ယူပါ။